ကျွန်ုပ်တို့၏စံတန်ဖိုးများ
NISU ၏ ဝန်ထမ်းများသည် ကျင့်ဝတ်နှင့်စွမ်းဆောင်ရည်များကို ဂုဏ်သိက္ခာရှိရှိဆောင်ရွက်ခဲ့သည့် အစဉ်အလာကြီးမားခဲ့ပါသည်။ အစဉ်အလာဟုဆိုရာတွင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်အောင် တစိုက်မတ်မတ် လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။
ကျွန်ုပ်တို့ NISU တွင် 3 Ps ဆိုသည့် အဓိကစံတန်ဖိုးများ ထားရှိထားပါသည်။
၁. People(ဝန်ထမ်းများ)
- ကျွန်ုပ်တို့ဝန်ထမ်းများသည် သူတို့လုပ်စရာရှိသည်များကို အမြဲတစေ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြပါသည်။
- ကျွန်ုပ်တို့ဝန်ထမ်းများသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြပါသည်။
- ကျွန်ုပ်တို့ဝန်ထမ်းများသည် ဂုဏ်သိက္ခာရှိရှိ ပြုမူပြောဆိုကြပါသည်။
- ကျွန်ုပ်တို့ဝန်ထမ်းများသည် ရဲဝံ့ကြပါသည်။
၂. Place(လုပ်ငန်းခွင်)
- ကျွန်ုပ်တို့လုပ်ငန်းခွင်သည် စွမ်းအင်အပြည့်ဖြင့် တက်ကြွနေသည့် နေရာဖြစ်ပါသည်။
- ကျွန်ုပ်တို့လုပ်ငန်းခွင်သည် ခင်မင်ရင်းနှီးမှုများတည်ဆောက်ရာ နေရာဖြစ်ပါသည်။
- ကျွန်ုပ်တို့လုပ်ငန်းခွင်သည် အလုပ်လုပ်ပျော်သောနေရာ ဖြစ်ပါသည်။
- ကျွန်ုပ်တို့လုပ်ငန်းခွင်သည် အောင်မြင်မှုကို အောင်ပွဲခံတတ်သောနေရာဖြစ်ပါသည်။
၃. Promise(ကတိကဝတ်)
- ကျွန်ုပ်တို့သည် အလုပ်ကောင်းမွန်စွာလုပ်ဖို့ရန် ကတိပြုပါသည်။
- ကျွန်ုပ်တို့သည် သက်ဆိုင်ရာနယ်ပယ်များတွင် ဦးဆောင်နိုင်ရပါမည်ဟု ကတိပြုပါသည်။
- ကျွန်ုပ်တို့၏ client များအပေါ် အာရုံစိုက်ပါမည်ဟု ကတိပြုပါသည်။
- ကျွန်ုပ်တို့သည် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်နေပါမည်ဟု ကတိပြုပါသည်။
ကျွန်ုပ်တို့၏စံတန်ဖိုးများနှင့်နေထိုင်ခြင်း
သင်တို့ နေ့စဉ်လုပ်သမျှအလုပ်များနှင့် ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့၏ လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု များစွာရှိပါသည်။ သင်တို့ဆုံးဖြတ်ချက်မှန်ကန်စွာချခြင်းသည် ကျွန်ုပ်တို့၏နာမည်ကောင်းကို ထိန်းသိမ်းပေးခြင်းပင် ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့၏ လုပ်ငန်းဦးတည်ချက်နှင့် စံတန်ဖိုးများသည် တန်ဖိုးဖြတ်မရသော အရင်းအမြစ်များလည်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များတွင် မည်သူတို့ အကျုံးဝင်ပါသလဲ?
ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များသည် NISU တွင်အလုပ်လုပ်နေသူတိုင်း၊ NISU နှင့် အလုပ်တွဲလုပ်နေသူတိုင်း၊ NISU ကိုယ်စားအလုပ်လုပ်ပေးနေသူတိုင်း တပြေးညီ အကျုံးဝင်ပါသည်။
ဤသို့ဆိုရာတွင်-
- ဒါရိုက်တာများ
- အရာရှိများ၊ အကြီးအကဲများနှင့် မန်နေဂျာများ
- ဝန်ထမ်းများ
- လက်အောက်ခံကုမ္ပဏီများနှင့် အသင်းဝင်များ
- စီးပွားရေးလက်တွဲဖော်များနှင့် ပစ္စည်းပေးသွင်းသူမျာ
- အေးဂျင့်များနှင့် ကိုယ်စားလှယ်များ ပါဝင်ပါသည်။
ကျွန်ုပ်တို့၏တာဝန်ယူမှု၊တာဝန်ခံမှုများ
သင်လုပ်ဆောင်သမျှ အပြုအမူတိုင်းသည် ကျွန်ုပ်တို့ကုမ္ပဏီအပေါ် အကျိုးသက်ရောက်မှု ရှိစေပါသည်။
ကျွန်ုပ်တို့သည် သင့်အား ဝန်ထမ်းတစ်ယောက်အနေနှင့်
- သင့်မြတ်မျှတပြီး မှန်ရာကိုသာ ရိုးရိုးသားသားလုပ်စေလိုပါသည်။
- ကျွန်ုပ်တို့၏စံတန်ဖိုးများအား လိုက်နာစေလိုပါသည်။ ဆုံးဖြတ်ချက်များချသည့်အခါတွင်လည်း ကျွန်ုပ်တို့၏ 3Ps စံနှုန်းများနှင့်အညီ တသမတ်တည်း လုပ်ဆောင်စေလိုပါသည်။
- ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များနှင့် NISU ၏ လုပ်ငန်းဦးတည်ချက်များကို သိရှိလိုက်နာဆောင်ရွက်စေလိုပါသည်။
- ရှေ့ထွက်ပြီးစကားပြောဆိုရမည်ကို ဝန်မလေးစေလိုပါ။ မေးလိုရာရှိကမေးနိုင်ပြီး လုပ်ထုံးလုပ်နည်းနှင့်မညီသည်များကို တွေ့ရှိသည်ဖြစ်စေ၊ သံသယရှိသည်ဖြစ်စေ တင်ပြပေးစေလိုပါသည်။ ကောင်းစေလိုသော ဆန္ဒနှင့် ထောက်ပြသည်များကို ကျွန်ုပ်တို့ အမြဲတစေ ကြိုဆိုပါသည်။
- အကူအညီတောင်းခံနိုင်ပါသည်။ သင်တို့အနေဖြင့် လုပ်ငန်းရှုပ်ထွေးမှုများနှင့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများကို ပြင်ဆင်ထားသင့်ပါသည်။
- စုံစမ်းစစ်ဆေးမှုများရှိခဲ့သော် ပူးပေါင်းဆောင်ရွက်စေလိုပါသည်။ အခြား ကုမ္ပဏီတစ်စုံတစ်ခုကဖြစ်စေ၊ အစိုးရဖက်ကဖြစ်စေ စုံစမ်းစစ်ဆေးလိုသည်များ ရှိခဲ့သော် တိကျပြည့်စုံသည့် အချက်အလက်များအား ထောက်ပံ့ပေးပြီး လိုက်လျောညီထွေစွာ တုံ့ပြန်ဆောင်ရွက်စေလိုပါသည်။
ကြီးနိုင်ငယ်ညှဉ်းပြုမူခြင်း
ကြီးနိုင်ငယ်ညှဉ်းပြုမူခြင်းဆိုသည်မှာ အပြုသဘောဆောင်သည့် မေးခွန်းတစ်စုံတစ်ရာ ပြန်မေးခြင်း၊ အထက်အရာရှိကို စိန်ခေါ်ခြင်း၊ လုပ်ထုံးနှင့်မညီသည်ကို အထက်ကို တင်ပြခြင်း၊ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သည့် ဝန်ထမ်းတစ်စုံတစ်ဦးအား မန်နေဂျာများ (သို့) လုပ်ဖော်ကိုင်ဖက်များက အပြစ်ပေးခြင်း၊ လက်တုံ့ပြန်အနိုင်ကျင့်ခြင်းကို ဆိုလိုပါသည်။
NISU အနေနှင့် ထိုကဲ့သို့ ပြုမူဆောင်ရွက်သည့် မန်နေဂျာများနှင့်ဝန်ထမ်းများအား လုံးဝသည်းခံမည်မဟုတ်ဘဲ ထိုကဲ့သို့ကိစ္စများတွင် ပါဝင်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါကလည်း အလုပ်ထုတ်ခြင်းအပါအဝင် သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုများကိုစောင့်ရှောက်ခြင်း
Client များအား နည်းပညာဆိုင်ရာဝန်ဆောင်မှုများပေးနိုင်ရန် ဝန်ထမ်းများ လိုအပ်သည့်အရာမှန်သမျှကို ကျွန်ုပ်တို့ဘက်မှ ထောက်ပံ့ပေးရန် အဆင်သင့်ရှိပါသောကြောင့် ဝန်ထမ်းများအနေနှင့်လည်း ပစ္စည်းများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ သုံးစွဲကြပါရန်နှင့် အလေအလွင့်ဖြစ်ခြင်း၊ ဖျက်ဆီးခြင်း၊ အခိုးခံရခြင်းနှင့် ပျောက်ဆုံးခြင်းများမှ ကာကွယ်ပေးစေလိုပါသည်။
ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ကုမ္ပဏီမှပိုင်ဆိုင်အသုံးပြုသည့် အရာရာတိုင်းကို လေးစားသမှုနှင့် ထိန်းထိန်းသိမ်းသိမ်း ဂရုစိုက်ရပါမည်။ ကျွန်ုပ်တို့၏မူဝါဒများအား လိုက်နာပြီး ကုမ္ပဏီပိုင်ပစ္စည်းများအား လုပ်ငန်းအတွက် အသုံးပြုနိုင်ပါသည်။
ရုပ်ဝတ္ထုဆိုင်ရာပစ္စည်းများ
ကျွန်ုပ်တို့၏ ရုပ်ဝတ္ထုဆိုင်ရာပစ္စည်းများအား ဂရုတစိုက်ကိုင်တွယ်စေလိုပါသည်။
- ထိခိုက်ပျက်စီးနေသည့်၊ မလုံခြုံသည့်၊ ပြင်ဆင်ရန်လိုအပ်နေသည့် ပစ္စည်းများအားလည်း ကျွန်ုပ်တို့ထံ တင်ပြပေးစေလိုပါသည်။
- ကျွန်ုပ်တို့၏ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာကိုမှ ယူဆောင်ခြင်း၊ ချေးငှားခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရပါ။
- ပစ္စည်းများကို အသုံးမလိုသည့်အခါတွင် သေချာစနစ်တကျ သိမ်းဆည်းထုပ်ပိုးထားရပါမည်။
ရုပ်ဝတ္ထုဆိုင်ရာပစ္စည်းများဟု ဆိုရာတွင်
- အသုံးအဆောင်ပစ္စည်းများ
- ယာဉ်များ
- ငွေသား
- ပရိဘောဂ
- ကိရိယာများ
- ထိန်းသိမ်းထားရှိထားသောပစ္စည်းများ ပါဝင်ပါသည်။
လျှပ်စစ်ပစ္စည်းများ
ကျွန်ုပ်တို့၏ နည်းပညာအရင်းအမြစ်များအား သင်တို့အပေါ် ယုံကြည်စိတ်ချစွာ အပ်နှံထားပါသည်။ Email နှင့် web ကဲ့သို့သော အရာများကို အခြေအနေအရ ပုဂ္ဂိုလ်ရေးရာအသုံးပြုရာတွင် ကောင်းမွန်စွာအသုံးပြုပါ။ သင့်အလုပ်နှင့်ဖြစ်စေ၊ အခြားသူများ၏အလုပ်နှင့်ဖြစ်စေ ပဋိပက္ခဖြစ်စေနိုင်သည့် (သို့မဟုတ်) အနှောင့်အယှက်ဖြစ်စေနိုင်သည့် နည်းလမ်းများဖြင့် အသုံးမပြုပါနှင့်။
သင်တို့ ဖန်တီးရေးသားသည့်၊ ပေးပို့သည့်၊ လက်ခံရရှိသည့်၊ ဒေါင်းလုပ်ဆွဲယူသည့်၊ သို့မဟုတ် ကုမ္ပဏီစနစ်ပေါ်တွင် ပြုလုပ်သည့် အရာမှန်သမျှသည် မှတ်တမ်းတင်ထားပြီး ဖြစ်နေနိုင်သည်ကို သတိပြုကြစေလိုပါသည်။
လျှပ်စစ်ပစ္စည်းများဟု ဆိုရာတွင်
- အင်တာနက်အသုံးပြုခွင့်
- ဖုန်းများ
- ကွန်ပျူတာဟာ့ဝဲလ်များ
- ကွန်ပျူတာဆော့ဝဲလ်များ ပါဝင်ပါသည်။
လျှပ်စစ်ပစ္စည်းများအား အသုံးပြုရာတွင်
- Laptop ကဲ့သို့သော တန်ဖိုးရှိသည့်ပစ္စည်းများကို ရုပ်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုံခြုံနေပါစေ။
- ညစ်ညမ်းသော၊ ဘာသာရေးဆိုင်ရာမလေးမစားပြုလုပ်ရာရောက်သော၊ စော်ကားပုတ်ခတ်သော၊ မသင့်လျော်သော အကြောင်းအရာများကို ဖြန့်ဝေခြင်းများ မပြုရပါ။
လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်အလက်များ
ကျွန်ုပ်တို့သည် လျှို့ဝှက်ထိန်းသိမ်းရမည့်အချက်အလက်များကို ဂရုတစိုက်ကိုင်တွယ်၍ ခွင့်ပြုချက်မပါဘဲ ပေါက်ကြားခြင်းမှ ကာကွယ်ရပါမည်။
NISU ဝန်ထမ်းများသည်လည်း လျှို့ဝှက်ထိန်းသိမ်းထားရမည့်၊ အထိခိုက်မခံသော အချက်အလက်များအား ထိန်းသိမ်းကာကွယ်ကြလိမ့်မည်ဟု ကျွန်ုပ်တို့အနေနှင့် ယုံကြည်ထားပါသည်။
လျှို့ဝှက်ထိန်းသိမ်းထားအပ်သည့် လုပ်ငန်းအချက်အလက်များဟုဆိုရာတွင် ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားသွားပါက ထိခိုက်မှုတစ်စုံတစ်ရာဖြစ်စေနိုင်သည့် ကျွန်ပ်တို့ ကုမ္ပဏီ၏အချက်အလက်များ (သို့) လူထုထံချမပြထားသည့် အခြားအဖွဲ့အစည်းတစ်ခုခု၏ အချက်အလက်များကို ဆိုလိုပါသည်။
- စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ
- ပူးပေါင်းဆောင်ရွက်ရေး နည်းဗျူဟာများ
- အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြံဉာဏ်များ
- ဈေးကွက်အချိန်ဇယားများ ပါဝင်ပါသည်။
ထိန်းချုပ်ထားသည့် သတင်းအချက်အလက်ဟုဆိုရာတွင် အသုံးပြုခွင့်ကို အစိုးရဥပဒေအရ တားမြစ်ကန့်သတ်ထားသော အထိခိုက်မခံသည့် သတင်းအချက်အလက်ကို ဆိုလိုပါသည်။
- သက်ဆိုင်သူသာကြည့်ရှုခွင့်ရှိသည့် သတင်းအချက်အလက်ဟုဆိုရာတွင် လုံခြုံရေးအရ ခွင့်ပြုချက်ရှိမှသာ အသုံးပြုခွင့်ရမည့် သတင်းအချက်အလက်ကို ဆိုလိုပါသည်။
- Controlled unclassified information – information that’s closely controlled by law, but doesn’t require a security clearance to access.
သင်တို့သည် NISU မှ နုတ်ထွက်သွားသော်လည်း လျှို့ဝှက်ထိန်းချုပ်ထားသည့် အချက်အလက်များကို ကာကွယ်ရမည့်တာဝန် သင်တို့တွင် ရှိနေသေးသည်ကို နားလည်ထားရပါမည်။ သင်သည် ကျွန်ုပ်တို့ကုမ္ပဏီမှ နုတ်ထွက်သွားသည်ဆိုသော်ငြား လုပ်ငန်းသဘောတူညီချက်အရ ဤအချက်အလက်များအား ထိန်းသိမ်းဖို့ရန် တာဝန်ရှိပါသည်။
မူပိုင်ခွင့်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ထားပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကို မလျော်ကန်သောနည်းလမ်းဖြင့် ပေါက်ကြားစေခြင်းသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ပြိုင်ဆိုင်မှုပြင်းထန်သော အကျိုးစီးပွားကို ထိခိုက်စေပြီး များစွာ နစ်နာစေပါသည်။
- လုပ်ငန်းအမှတ်တံဆိပ်
- မူပိုင်များ
- ကုန်သွယ်မှုအမှတ်အသားများ
- ဝန်ဆောင်မှုအမှတ်အသားများ ပါဝင်ပါသည်။
ဝန်ထမ်းများသည်
- မူပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားစေခြင်းမှ ကာကွယ်ရပါမည်။
- မူပိုင်ခွင့်အား သတ်မှတ်ထားသည့်၊ လုံခြုံစွာစီမံထားသည့် ပစ္စည်းများတွင်သာ အသုံးပြုသိမ်းဆည်းရပါမည်။
- အခြားသူများ၏ မူပိုင်ခွင့်အား ချိုးဖောက်ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရပါ။
အလုပ်ခွင်ပဍိပက္ခဖြစ်စေနိုင်သော အကြောင်းအရာများ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ထားပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကို မလျော်ကန်သောနည်းလမ်းဖြင့် ပေါက်ကြားစေခြင်းသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ပြိုင်ဆိုင်မှုပြင်းထန်သော အကျိုးစီးပွားကို ထိခိုက်စေပြီး များစွာ နစ်နာစေပါသည်။
- လုပ်ငန်းအမှတ်တံဆိပ်
- မူပိုင်များ
- ကုန်သွယ်မှုအမှတ်အသားများ
- ဝန်ဆောင်မှုအမှတ်အသားများ ပါဝင်ပါသည်။
ဝန်ထမ်းများသည်
- မူပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားစေခြင်းမှ ကာကွယ်ရပါမည်။
- မူပိုင်ခွင့်အား သတ်မှတ်ထားသည့်၊ လုံခြုံစွာစီမံထားသည့် ပစ္စည်းများတွင်သာ အသုံးပြုသိမ်းဆည်းရပါမည်။
- အခြားသူများ၏ မူပိုင်ခွင့်အား ချိုးဖောက်ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရပါ။
မှတ်တမ်းများနှင့်အချက်အလက်စီမံခန့်ခွဲခြင်း
မှတ်တမ်းများနှင့် အချက်အလက်စီမံခန့်ခွဲခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ စီးပွားရေးမှတ်တမ်းများနှင့် အခြား အချက်အလက်များကို စတင်ဖန်တီးစဉ်မှသည် စွန့်ပစ်လိုက်သည်အထိ ပါဝင်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ မှတ်တမ်းများသည် ကျွန်ုပ်တို့စီးပွားရေးလုပ်ငန်းစဉ်များအတွက် အရေးပါသောကြောင့်ဖြစ်ပြီး ထိုမှတ်တမ်းများကို ဥပဒေ၊ မူဝါဒများနှင့်အညီ ဂရုတစိုက် စီမံခန့်ခွဲကြရပါမည်။
ကျွန်ုပ်တို့သည် သင်တို့အား
- ကျွန်ုပ်တို့၏ မှတ်တမ်း ထိန်းသိမ်းရေး၊ စနစ်တကျစွန့်ပစ်ရေးတို့နှင့် ဆက်စပ်သောမူဝါဒများကို သိရှိလိုက်နာခြင်း။
- ကျွန်ုပ်တို့အသစ်ဖန်တီးလိုက်သည့် မှတ်တမ်းအသစ်တိုင်းသည် တိကျမှန်ကန်ကြောင်း သေချာစေခြင်း။
- လမ်းညွှန်ပြသမှုလိုအပ်ပါက အကူအညီတောင်းခံခြင်း။
- အစိုးရဖက်မှတောင်းဆိုချက်များ၊ စာရင်းစစ်ချက်များ၊ စုံစမ်းစစ်ဆေးမှုများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်းတို့အားဖြင့် မိမိတာဝန်မိမိကျေစေလိုပါသည်။
Nisu ကုမ္ပဏီကိုယ်စားပြောဆိုဆောင်ရွက်ခြင်
ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း ပြောဆိုသမျှတိုင်းသည် ကုမ္ပဏီ၏ နာမည်ကျော်ကြားမှုနှင့် အမှတ်အသားပုံရိပ်အပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ ကျွန်ုပ်တို့သည် တသမတ်တည်းဖြစ်သော သတင်းစကားကိုသာ ပါးလိုပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်အချို့ကိုသာ ကျွန်ုပ်တို့ကုမ္ပဏီကိုယ်စား စကားပြောဆိုရန် ခွင့်ပြုပေးထားပါသည်။
အကယ်၍ တစ်စုံတစ်ယောက်က သင်တို့အား ကျွန်ုပ်တို့၏ စီးပွားရေးအကြောင်းပြောပြရန် တောင်းဆိုလာပါက သက်ဆိုင်ရာဌာနဖြစ်သည့် Co-operate & Legal department ကိုသာ သွားရောက်မေးမြန်းဖို့ လမ်းညွှန်ပေးပါ။
ဤကဲ့သို့လုပ်ပေးခြင်းအားဖြင့် သင်တို့သည် ကျွန်ုပ်တို့အား
- ကျွန်ုပ်တို့၏ client များနှင့် လုပ်ငန်းလက်တွဲဖော်များအား အချက်အလက်အမှားများပေးမိခြင်း။
- ကျွန်ုပ်တို့၏ ဂုဏ်သတင်းကိုထိခိုက်စေခြင်း။
- လျှို့ဝှက်ထိန်းသိမ်းအပ်သော လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ ပေါက်ကြားခြင်း။
- ကျွန်ုပ်တို့ မစောင့်ထိန်းနိုင်သော (သို့မဟုတ်) မစောင့်ထိန်းအပ်သော ကတိကဝတ်များ ပြုမိခြင်းများမှ ရှောင်ရှားစေနိုင်မည်ဖြစ်ပါသည်။
လူမှုမီဒီယာ
ကျွန်ုပ်တို့၏ ကိုယ်ပိုင်လူမှုမီဒီယာတွင် တင်လိုက်သမျှအကြောင်းအရာတိုင်းအတွက် ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီတွင် တာဝန်ရှိပါသည်။ သင့်လူမှုမီဒီယာပေါ်တွင် အကြောင်းအရာတစ်ခုကိုတင်တော့မည်ဆိုပါက အောက်ပါ ညွှန်ကြားချက်များကို လိုက်နာကြရပါမည်။
- NISU နှင့်ပတ်သက်၍ သင်ဖော်ပြသမျှအကြောင်းအရာတိုင်းသည် သင့်ကိုယ်ပိုင် အတွေးအမြင်များသာဖြစ်ပြီး ကျွန်ုပ်တို့ကုမ္ပဏီနှင့်မသက်ဆိုင်ကြောင်း ပေါ်လွင်နေပါစေ။
- လူတန်းစားခွဲခြားသည့်အကြောင်းအရာများ၊ ခြိမ်းခြောက်ခြင်း၊ စော်ကားနှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်ဗိုလ်ကျခြင်းသဘော သက်ရောက်စေနိုင်သည့် အကြောင်းအရာများကို မတင်ရပါ။
- လျှို့ဝှက်ထားအပ်သော အချက်အလက်များဖြစ်သည့် ကျွန်ုပ်တို့ကုမ္ပဏီ၊ client များ၊ ပစ္စည်းပေးသွင်းသူများနှင့် အခြားလုပ်ငန်းတွဲဖက်များအကြောင်း မတင်မိအောင် ဂရုစိုက်ကြရပါမည်။
လေးစားသမှု၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် ကွဲပြားခြားနားခြင်း
NISU တွင် အရည်အချင်းရှိသူများကိုသာ ငှားရမ်းထားသည်ဟု ကျွန်ုပ်တို့ယုံကြည်ထားပါသည်။ နယ်ပယ်အစုံမှ ဝန်ထမ်းများပါဝင်နေခြင်းသည် ကျွန်ုပ်တို့၏ အစုအဖွဲ့အား ပိုမိုတောင့်တင်းစေသောကြောင့် ကွဲပြားခြားနားခြင်းများကို အားပေးပြီး ဝန်ထမ်းများအားလုံးအပေါ် ညီတူညီမျှ ဆက်ဆံဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်အပေါ်မူတည်၍သာ လုပ်ငန်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များကို ချမှတ်မည်ဖြစ်ပြီး လူမျိုးရေးခွဲခြားခြင်း၊ ကျားမ ခွဲခြားဆက်ဆံခြင်း၊ အသက်အရွယ် အသားအရောင်၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲများနှင့် ခွဲခြားဆက်ဆံခြင်းများအား တားမြစ်ထားပါသည်။
ကျွန်ုပ်တို့၏ အခွင့်အရေးတန်းတူညီတူရရှိစေရေး ဆောင်ရွက်ချက်များကို
- ဘက်ပေါင်းစုံမှ ကွဲပြားခြားနားသော ထင်မြင်ယူဆချက်များ၊ အတွေ့အကြုံများနှင့် client များအပေါ် ပိုမိုကောင်းမွန်သော ရလဒ်များဖန်တီးပေးခြင်းဖြင့် ကျွန်ုပ်တို့အသင်းအဖွဲ့၏ ကွဲပြားခြားနားခြင်းများအား ဂုဏ်ယူခြင်း။
- အလုပ်ခွင်နှင့် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ တသားတည်းဖြစ်နေစေရေးအတွက် တစ်ဦးနှင့်တစ်ဦး လေးစားစွာဆက်ဆံပြုမူသည့် အလုပ်ခွင်ဖြစ်နေစေခြင်း။
- ဤကဲ့သို့တစ်ဦးနှင့်တစ်ဦး လေးစားစွာပြုမူဆောင်ရွက်သည့် client များ၊တွဲဖက်များနှင့်သာ လုပ်ငန်းဆောင်ရွက်ခြင်း။
- အလုပ်ခွင်အတွင်း နှိမ့်ချပြောဆိုဆက်ဆံသည့် အပြုအမူတစ်ရပ်ရပ်ကို သတိပြုမိပါက ရှေ့ထွက်ပြောဆိုခြင်း တို့ဖြင့် ကူညီမြှင့်တင်ပေးစေလိုပါသည်။
စော်ကားနှောက်ယှက်ခြင်းနှင့် လုပ်ငန်းခွင်အကြမ်းဖက်မှု
သူတစ်ပါးအား စော်ကားနှောင့်ယှက်ခြင်းနှင့် လုပ်ငန်းခွင်အကြမ်းဖက်မှုများကို ကျွန်ုပ်တို့အနေဖြင့် လုံးဝသည်းခံမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦးတန်ဖိုးထားပြီး ဝန်ထမ်းအားလုံး ဘေးကင်းလုံခြုံသည့် အလုပ်ခွင်ဖြစ်နေစေရန် ကြိုးစားလျက်ရှိပါသည်။
လုပ်ဖော်ကိုင်ဖက်များကို လေးလေးစားစားဆက်ဆံခြင်းဖြင့် အနှောင့်အယှက်ဖြစ်နိုင်သည်များကို ကြိုတင်ကာကွယ်စေလိုပါသည်။ ရိုင်းပြစော်ကားသည့် အလုပ်ခွင်တစ်ခုဖြစ်လာစေနိုင်သည့် အပြုအမူ၊ အမူအကျင့်များကို ဂရုတစိုက်ရှောင်ရှားစေလိုပါသည်။ အခြားတစ်ယောက်ယောက်၏ မသင့်လျော်သော အပြုအမူများကြောင့် တစ်စုံတစ်ခုအဆင်မပြေသည်ရှိခဲ့ပါက ထိုသူအား ယဉ်ကျေးစွာ ပွင့်ပွင့်လင်းလင်းပြောပြပြီး နောင်တွင်ထပ်မလုပ်ရန် ပြောဆိုပါ။ သို့မဟုတ် မိမိမန်နေဂျာနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ပြဿနာကို တင်ပြပါ။
စော်ကားနှောင့်ယှက်ရာရောက်သည့် အပြုအမူများနှင့် စကားအသုံးအနှုန်းဟုဆိုရာတွင်
- တစ်ဘက်သားကိုပုတ်ခတ်စောင်းမြောင်းထားသည့် ရုပ်ပုံများ၊ လူမျိုးရေးခွဲခြားသည့် စကားများ၊ ဘာသာတရားနှင့်သက်ဆိုင်သော ဟာသများ။
- နှုတ်အားဖြင့်သော်လည်းကောင်း၊ ရုပ်အားဖြင့်သော်လည်းကောင်း၊ အမြင်အားဖြင့်သော်လည်းကောင်း ပြင်းထန်သော ဖိအားပေးခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ။
- လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ အလိုမတူဘဲ ထိတွေ့ခြင်းများ၊ တစ်ဘက်သား၏ ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်းများ၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများ၊ (သို့မဟုတ်) လုပ်ငန်းခွင်အကြောင်းပြု မက်လုံးများပေးပြီး လိင်အမြတ်ထုတ်ခြင်းများ။
- စံသတ်မှတ်ချက်များကိုမေးခွန်းထုတ်သူများ၊ လုပ်ထုံးလုပ်နည်းနှင့်မညီသည်များကို အထက်သို့တင်ပြသူများ၊ (သို့မဟုတ်) စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်သူများကို မကျေနပ်သဖြင့် လက်တုံ့ပြန်ခြင်းများ ပါဝင်ပါသည်။
ကျန်းမာရေးနှင့်လုံခြုံမှု
ကျွန်ုပ်တို့သည် ထိခိုက်ဒဏ်ရာရနိုင်သည်များအား ကြိုတင်ကာကွယ်ခြင်း၊ လုံခြုံရေးစည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်း နှင့် မတော်တဆမှုများ၊ အန္တရာယ်ဖြစ်စေနိုင်သော မလုံခြုံသည့် အခြေအနေများအား တင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့အပါအဝင် လုပ်ဖော်ကိုင်ဖက်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်ပါသည်။
ကျန်းမာရေးနှင့် လုံခြုံရေးစည်းကမ်းများဟု ဆိုရာတွင်
- သတ်မှတ်ထားသော(သို့မဟုတ်)ပေးအပ်ထားသော လုံခြုံရေးဆိုင်ရာပစ္စည်းများအား ဝတ်ဆင်အသုံးပြုခြင်း။
- လိုအပ်သည့်သင်တန်းပေးခြင်းမှန်သမျှကို သင်ယူလေ့လာခြင်း။
- အန္တရာယ်ရှိပြီး မလုံခြုံဟု သံသယရှိသော အလုပ်ခွင်အခြေအနေများအား တင်ပြခြင်း။
- မေးခွန်းများရှိခဲ့ပါက အကူအညီတောင်းခံခြင်း တို့ ပါဝင်ပါသည်။
အစိုးရနည်းဥပဒေများအား လိုက်နာဆောင်ရွက်ခြင်း
အစိုးရအားဝန်ဆောင်မှုပေးရာတွင် တင်းကြပ်သောဥပဒေများရှိသည်ကို ကျွန်ုပ်တို့နားလည်ထားပါသည်။ ကျွန်ုပ်တို့သည် အစိုးရ၏ နည်းဥပဒေများအတိုင်းလိုက်နာပြီး ကျွန်ုပ်တို့၏ client များအားလုံးအတွက် ယုံကြည်စိတ်အချရဆုံးသော လက်တွဲဖော်ဖြစ်လာစေရန် ကြိုးစားလျက်ရှိပါသည်။
အစိုးရကိုယ်စားလှယ်များနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်ပြီး မျှမျှတတဆောင်ရွက်စေလိုပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းသည် အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုသာ ပေးနိုင်ပါစေ။ အစိုးရလုပ်ငန်းများတွင် တရားဝင်ပြီးထိရောက်သော စည်းကမ်းလိုက်နာခြင်းသည် လုပ်ငန်းပြီးမြောက်အောင်မြင်စေရန်အတွက် အရေးအကြီးဆုံးဖြစ်သည်ကိုလည်း သတိထားစေလိုပါသည်။
လာဘ်ထိုးခြင်းနှင့်ငွေပေးဆောင်ရွက်စေခြင်း
NISU သည် လာဘ်ပေးလာဘ်ယူခြင်း၊ လုပ်ငန်းမြန်မြန်ပြီးမြောက်စေရန် ငွေပေးဆောင်ရွက်ခြင်း အပါအဝင် အခြားသော မသင့်လျော်သည့် ငွေပေးချေမှုပုံစံများကို လုံးဝသည်းခံမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ client များအပေါ်တွင်ထားရှိသော တန်ဖိုးနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော ကမ်းလှမ်းချက်များ၏ အရည်အသွေး ပြီးမြောက်အောင်မြင်ခြင်းကိုသာ တန်ဖိုးထားပါသောကြောင့် လုပ်ငန်းအကျိုးအမြတ်တစ်စုံတစ်ရာအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လာဘ်ပေးလာဘ်ယူခြင်းများကို လက်မခံပါ။
လာဘ်ပေးလာဘ်ယူခြင်းဟုဆိုရာတွင်
- ငွေသား (သို့မဟုတ်) ငွေသားနှင့်တန်ဖိုးတူညီသည်များ (ဥပမာ - gift card များ၊ credit card များ)။
- ပုံစံအမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်းများ။
- ဧည့်ခံကျွေးမွေးခြင်းများ၊ အလုပ်ကမ်းလှမ်းခြင်းများနှင့် ပုဂ္ဂိုလ်ရေးအရ အကူအညီပေးခြင်းများ။
- ငွေချေးပေးခြင်းများနှင့် အကြွေးလျှော်ပေးခြင်းများ။
- နိုင်ငံရေးအရထောက်ပံ့ခြင်းများနှင့် ပရဟိတအလှူအတန်းများ ပါဝင်ပါသည်။
ကိုယ်ရေးအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာလုံခြုံရေးဥပဒေများ
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအတွက် ကိုယ်ရေးအချက်အလက်များကာကွယ်ပေးမှုသည် ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါလှပါသည်။ ကျွန်ုပ်တို့သည် client များ၊ client customer များ၊ ဝန်ထမ်းများနှင့် လုပ်ငန်းလက်တွဲဖော်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို လေးစားပြီး ထိုပုဂ္ဂိုလ်များ၏ ထိလွယ်ရှလွယ်သော ကိုယ်ရေးအချက်အလက်များကို ဂရုတစိုက် ကာကွယ်ပေးထားပါသည်။
ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းနှင့် ပေါက်ကြားစေခြင်းများမှ အမြဲတစေ ကာကွယ်ရပါမည်။ အချက်အလက်မှန်သမျှကို ကျွန်ုပ်တို့၏မူဝါဒများ၊ ဝတ္တရားများ၊ ဥပဒေများနှင့်အညီ စုဆောင်းသိမ်းဆည်းအသုံးချပြီး ကိုင်တွယ်ဆောင်ရွက်ကြရပါမည်။
ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုခွင့်သည် နည်းနိုင်သမျှအနည်းဆုံး ကန့်သတ်ထားသင့်ပြီး အခွင့်ရှိသူမှသာ ကြည့်ရှုခွင့်နှင့် လုပ်ငန်းအရ တရားဝင်လိုအပ်သူမှသာ ကြည့်ရှုခွင့်ရှိသည်ကိုလည်း သတိပြုရပါမည်။
လက်ဆောင်ပစ္စည်းများ၊ ဖျော်ဖြေရေးနှင့် ဧည့်ခံကျွေးမွေးရေး
လက်ဆောင်ပစ္စည်းများ၊ လှူဒါန်းမှုများ၊ စပွန်ဆာပေးမှုများ၊ ဖျော်ဖြေရေးနှင့် ဧည့်ခံကျွေးမွေးခြင်းများသည် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်စေပါသည်။ သို့ရာတွင် ထိုသို့သောအရာများသည် အကျိုးစီးပွားဆိုင်ရာ မလိုလားအပ်သော ပဋိပက္ခများကိုလည်း ဖြစ်လာစေနိုင်သောကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မူဝါဒများ၊ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိုသာ အထူးဂရုစိုက်ပါသည်။
နေ့စဉ်အလုပ်ခွင်တွင် customer ကိုဖြစ်စေ၊ လုပ်ငန်းလက်တွဲဖက်ကိုဖြစ်စေ လက်ဆောင်ပေးခြင်းနှင့် ဧည့်ခံပြုစုခြင်းသည် အခြေအနေအချိန်အခါပေါ်မူတည်၍ သင့်လျော်ကောင်း သင့်လျော်ပါလိမ့်မည်။ သို့သော်လည်း မသင့်လျော်သောရည်ရွယ်ချက်နှင့် လုပ်ဆောင်သည်ဆိုပါက ဥပဒေချိုးဖောက်ရာ ကျနိုင်ပါသည်။
သို့ဖြစ်ပါ၍ NISU သည် လက်ဆောင်ပေးခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်းများကို ဂရုတစိုက်ထိန်းချုပ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ဤအရာများအား လုပ်ဆောင်လိုသည်ဆိုပါကလည်း ကျွန်ုပ်တို့၏ 3 Ps စံတန်ဖိုးများ၊ စံသတ်မှတ်ချက်များနှင့် စီမံအုပ်ချုပ်ရေးမူဝါဒများနှင့်အညီ ရိုးဖြောင့်သောရည်ရွယ်ချက်များနှင့်သာ လုပ်ဆောင်ပါသည်။
မျှမျှတတစီမံဆောင်ရွက်ခြင်း
ကျွန်ုပ်တို့လုပ်ငန်းလုပ်သည့်ပုံစံသည် ကုမ္ပဏီ၏ဂုဏ်သိက္ခာအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလုပ်ရှင်များ၊ အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အလုပ်လုပ်ကိုင်ရာတွင် ရိုးသားဖြောင့်မတ်စွာ ဆက်ဆံလုပ်ကိုင်ကြရပါမည်။
မိမိတို့အလုပ်တွဲလုပ်သမျှလူတိုင်းနှင့် ရိုးသားဖြောင့်မတ်သော ဆက်ဆံမှုများကို ထိန်းသိမ်းကျင့်သုံးကြစေလိုပါသည်။
- သင်တို့ ဆက်သွယ် ပြောဆိုသမျှ အရာတိုင်းသည်လည်းတိကျမှန်ကန်မှုရှိနေပါစေ။
- လျှို့ဝှက်ထားရမည့် အချက်အလက်များကို ထိန်းသိမ်းကြရပါမည်။
- ကျွန်ုပ်တို့၏ စံတန်ဖိုးများကို တန်ဖိုးထားပါ။ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ လွှမ်းမိုးခြယ်လှယ်ခြင်း၊ လိမ်လည်ခြင်း၊ အနိုင်ကျင့်ခြင်း (သို့မဟုတ်) မတရားမှုတစ်စုံတစ်ရာပြုခြင်းအားဖြင့် အခွင့်ကောင်းမယူကြစေလိုပါ။
- အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကိုလည်း ရှောင်ရှားကြရပါမည်။
ပစ္စည်းပေးသွင်းသူများနှင့်ဆက်ဆံရေး
ကျွန်ုပ်တို့ client များ၏ မရိုးနိုင်သော စိန်ခေါ်မှုများကိုဖြည့်ဆည်းနိုင်ရန်အတွက် လက်တွဲဖော်ကောင်းရွေးချယ်ခြင်းသည် သူတို့အား တီထွင်ဆန်းသစ်မှုအပြောင်းအလဲများမှတစ်ဆင့် လမ်းပြနိုင်ရန်အတွက် အဓိကသော့ချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝီရိယရှိရှိကြိုးစားပြီး ကျွန်ုပ်တို့၏ မြင့်မားသောစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ပစ္စည်းပေးသွင်းသူများနှင့်သာ အလုပ်လုပ်ကြရပါမည်။
ပစ္စည်းပေးသွင်းသူများကို အောက်ပါ အခြေအနေအကြောင်းရင်းများအပေါ် မူတည်ပြီး အမျိုးအစားခွဲခြားနိုင်ပါသည်။
- ဈေးနှုန်း
- အရည်အသွေး
- ဝန်ဆောင်မှုများ
- လူမှုဆက်ဆံရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများ
- Nisu ၏ရည်မှန်းချက်နှင့်ပန်းတိုင်
ပစ္စည်းပေးသွင်းသူ ရွေးချယ်ပြီးပြီဆိုပါက စာချုပ်ပါအချက်အလက်များအတိုင်း ဆက်လက်လုပ်ဆောင်မှုရှိ၊ မရှိနှင့် ကျွန်ုပ်တို့အား ရိုးသားဖြောင့်မတ်စွာ ကိုယ်စားပြု၊ မပြုကို သေချာစွာ ဆက်လက်စောင့်ကြည့်ပြီး သူတို့၏ လုပ်ဆောင်ချက်များနှင့် လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားကြရပါမည်။ ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်၊ ဥပဒေနှင့် မူဝါဒများကို ချိုးဖောက်သည်ဟု သံသယရှိပါက သူတို့အား တာဝန်ယူခိုင်းရပါမည်။
လူအခွင့်အရေးများ
ကျွန်ုပ်တို့လုပ်ငန်းလည်ပတ်သမျှနေရာတိုင်းတွင် လူတိုင်း၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားပါသည်။
ကျွန်ုပ်တို့သည် မျှတသောအလုပ်ခန့်အပ်ထားခြင်းနည်းအား ကျင့်သုံးပြီး ကျွန်ုပ်တို့ကျင်လည်နေသည့် ဈေးကွက်ထဲတွင် ချမှတ်ထားသည့် အလုပ်ခန့်အပ်ခြင်းဥပဒေများအတိုင်း လိုက်နာပါသည်။
အထူးသဖြင့် ကျွန်ုပ်တို့သည်
- လုံခြုံပြီး ဘေးကင်းသော အလုပ်ခွင်ဖြစ်ရန်
- အခြားသူများအား မျှမျှတတ ဂုဏ်သိက္ခာရှိရှိဆက်ဆံရန်
- လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို အားမပေးဘဲ ထိုကဲ့သို့ချိုးဖောက်သူများနှင့်လည်း လုပ်ငန်းတွဲမလုပ်ရန်
- ကလေးသူငယ်အလုပ်ခိုင်းစေခြင်းနှင့် အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းများကို တားမြစ်ထားရန်
- ဝန်ထမ်းများ၏အခွင့်အရေးကို စုပေါင်းညှိနှိုင်းခြင်းနည်းလမ်းဖြင့် ကာကွယ်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။