ISO Standards & Compliance Information
𝐍𝐢𝐬𝐮 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝
𝐈𝐒𝐎 𝟗𝟎𝟎𝟏:𝟐𝟎𝟏𝟓
𝐒𝐜𝐨𝐩𝐞 𝐨𝐟 𝐈𝐒𝐎:
Nisu Company Limited သည် အောက်ဖော်ပြပါလုပ်ငန်းများကို ၀န်ဆောင်မှုပေးသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။
• Professional IT infrastructure ၀န်ဆောင်မှုများဖြစ်သည့် Server,Network,Surveillanceနှင့်လုပ်ငန်းသုံးတယ်လီဖုန်းများကို တပ်ဆင်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းလုပ်ငန်း။
• Software application ဒီဇိုင်း၊Customization များကို စတင်အကောင်ထည်ဖော်ခြင်းမှ trainingပေးခြင်းအထိ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေးခြင်းလုပ်ငန်း။
• Data center နှင့်သက်ဆိုင်သောပစ္စည်းများနှင့် ၎င်းတို့၏ဆက်စပ်ပစ္စည်းများကို onlineနှင့် offline မှတဆင့်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း။
𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐏𝐨𝐥𝐢𝐜𝐲 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭:
Nisu Company Limited သည် customer များကို အကောင်းဆုံးနှင့်အဆင်ပြေဆုံးဖြစ်သည့်ထုတ်ကုန်များ၊၀န်ဆောင်မှုများကို ထုတ်လုပ်ပေးရန်နှင့် ၎င်းတို့၏ကုမ္ပဏီကိုတိုးတက်စေရန် မှန်ကန်သည့် နည်းပညာများကို ထောက်ပံ့ပေးနိုင်သောယုံကြည်စိတ်ချရသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကုမ္ပဏီ၏ရည်မှန်းချက်မှာ customer များ၏လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိသော ၀န်ဆောင်မှုများကို စဥ်ဆက်မပြတ် မြှင့်တင်နိုင်ရန်၊အရည်သွေးမြင့်သော ထုတ်ကုန်များနှင့်၀န်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ခြင်းဖြင့် ဂုဏ်ယူနိုင်ရန်ဖြစ်ပါသည်။
အထက်ဖော်ပြပါအချက်များကို အောင်မြင်နိုင်ရန်အတွက် ISO 9001ကဲ့သို့ နိုင်ငံတကာအဆင့်မှီစံနှုန်းများနှင့်ကိုက်ညီသော စီမံခန့်ခွဲမှုစနစ်တရပ်ကို အကောင်ထည်ဖော်ရမည်ဖြစ်သည်။အကောင်ထည်ဖော်ရာတွင် customer လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်၊customer များ၏လိုအပ်ချက်ရှိသည်များမှ အကြံပေးချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်နှင့် တရားဥပဒေစည်းကမ်းချက်များကိုလိုက်နာရန်လိုအပ်သည်။
ကုမ္ပဏီအတွင်းရှိ၀န်ထမ်းများအားလုံးသည် ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးများအတွက် တာ၀န်ရှိပါသည်။၀န်ထမ်းများအားလုံးလိုအပ်သော စံနှုန်းတစ်ခုကို ရရှိနိုင်ရန်အတွက် ကုမ္ပဏီမှ Training နှင့် System ပိုင်းဆိုင်ရာ၊နည်းပညာပိုင်းဆိုင်ရာ အကူညီများကိုပါ တည်ထောင်ပေးထားပါသည်။
ကုမ္ပဏီစီမံခန့်ခွဲခြင်းနှင့် ၀န်ထမ်းများသည် ၎င်းတို့၏စီမံခန့်ခွဲမှုအရည်အသွေးကို စဥ်ဆက်မပြတ် သုံးသပ်ခြင်းနှင့်၊ ISO 9001၏ လိုအပ်ချက်များကို ပြည့်မှီရန် သို့မဟုတ် ကျော်လွန်ရန် အရည်အသွေးပြည့်မှီသော လုပ်ထုံးလုပ်နည်းများကို နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အသုံးပြုမည်ဟု ကတိပြုထားကြသည်။
ကုမ္ပဏီသည် ဂုဏ်ယူနိုင်သော ၀န်ဆောင်မှုများကို ပေးဆောင်နိုင်ရန်နှင့် လုပ်ငန်းများကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေခြင်းသည် ၎င်း၏ကိုယ်ပိုင်စံနှုန်းများကို အမြဲတမ်းမပြည့်မှီကြောင်း အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။ကုမ္ပဏီသည် customer တစ်ဦး complaint တက်သောအချိန်တွင် complaint အားလုံးကို အချိန်နှင့် တစ်ပြေးညီစုံစမ်းစစ်ဆေးပြီး မှန်ကန်သော နည်းလမ်းများဖြင့် ဖြေရှင်းပေးနိုင်ရန် ကတိပြုထားပါသည်။