Skip to Content

Futsal Club

​ဘောလုံးကန်အသင်းသည် Nisu ကုမ္ပဏီ၏ လှုပ်ရှားမှု အဖွဲ့များတွင် ပထမဦးဆုံးပေါ်ပေါက်လာသော အဖွဲ့တစ်ခုဖြစ်သည်။

ကျွန်ုပ်တို့ အားလုံးသိကြသည့်အတိုင်း Nisu ကုမ္ပဏီတွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများပါသည်။ ထိုအထဲတွင်မှ ကုမ္ပဏီတွင်ရှိသော အမျိုးသားအားလုံး၏ ပါဝင်မှုကြောင့် ဤအဖွဲ့ကို ပို၍ထူးခြားစေပါသည်။

လေ့ကျင့်ခန်းနှင့် သက်ဆိုင်သော အဖွဲ့များထဲတွင် ကြက်တောင်ရိုက်အသင်းနှင့် ဘောလုံးကန်အသင်း၏ ကွဲပြားခြားနားချက်သည် ကြက်တောင်ရိုက်အသင်းဟာ Nisuကုမ္ပဏီမှာ ရှိသောဝန်ထမ်းများအချင်းချင်း ဆော့ကစားကြခြင်းဖြစ်ပြီး ဘောလုံးကန်အသင်းကတော့ အခြားသော ကုမ္ပဏီများနှင့် ယှက်ပြိုင်ဆော့ကစားကြခြင်းဖြစ်သည်။

ဤဘောလုံးကန်အသင်းသည် ဝန်ထမ်းအချင်းချင်း ရင်းနှီးမှု၊ ပျော်ရွှင်မှုအပြင် အခြားသောနယ်ပယ်မှ သူငယ်ချင်းအသစ်များပါရရှိနိုင်သော လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။

အမျိုးသားဝန်ထမ်းများသွားရောက်ယှဥ်ပြိုင်ရာတွင် ကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းများမှ ကွင်းထဲထိ သွားရောက် အားပေးကြသော မြင်ကွင်းက ဤအဖွဲ့၏ အကောင်းဆုံးသော မြင်ကွင်းဖြစ်ပါသည်။ခင်မင်မှု တိုးပွားအောင် ပြုလုပ်သော ပြိုင်ပွဲများဖြစ်သောကြောင့် ရှုံးခြင်း၊ နိုင်ခြင်း ကအဓိကမကျပါ။





Futsal Club
Taylor Suyanto January 31, 2023
Share this post
Tags
Archive
Sign in to leave a comment